Posts

❛အိမ်သစ်တက်မင်္ဂလာ ပြုလုပ်ရာဝယ်❜

 ဘဒ္ဒန္တ ပညိန္ဒာဘိဝံသ ❪မစိုးရိမ်တိုက်သစ်❫ တိုက်သစ်မှာ ရောက်လာတော့ ဒါ အန္တရာယ်ကင်းလုပ်တာ မဟုတ်လား၊ {မှန်ပါဘုရား} ကဲ အဲဒီတော့ ဦးဇင်းတို့ စာပေမှာ မြို့အသစ်တည်တဲ့အခါ အဲဒီမြို့အသစ်မှာ နေထိုင်တော့မယ်၊ အိမ်အသစ်ဆောက်တဲ့အခါ အိမ်အသစ်မှာ နေတော့မယ်ဆိုရင် ဘုရားရှင်လက်ထက်က ပါဋလိရွာကို မြို့အဆင့်မြှင့်တဲ့အခါ မြို့အဆင့်မြှင့်ဖို့ဆိုပြီး တိုက်အိမ်တွေအသီးသီးဆောက် လူတွေရောက်လာတော့ အဲဒီမှာ မြတ်စွာဘုရားက မြို့အသစ်, အိမ်အသစ်တက်ပွဲတရားဟောထားတာလေးရှိတယ်၊ အဲဒီတရားက ဘာလဲဆိုတော့ - "ယသ္မိံ ပဒေသေ ကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော။ သီလဝန္တေတ္ထ ဘောဇေတွာ၊ သညတေ ဗြဟ္မစာရယော"။ (ဒီ၊ ၂၊ ၇၅။) အဲဒီမြို့အသစ်ကြီးတည်ပြီးတဲ့အခါကျတော့ ဘုရားရှင်က အဲဒီအရပ်ကို ကြွလာတာ၊ ကြုံတာ သီးသန့်ပင့်ထားတာ မဟုတ်ဘူး၊ ဘုရားရှင်ကလည်း သူ့ဘာသာသူ ဒေသစာရီကြွရင်း ရောက်လာတာ၊ မြို့အသစ်ကလည်း တည်ပြီးသားပေါ့။ အဲဒီတော့ ဘုရားရှင်ကို ပင့်ပြီးတော့မှ အန္တရာယ်ကင်းကုသိုလ်လုပ်တာပေါ့၊ အဲဒီတော့ ဘုရားရှင်က လုပ်ငန်းစဉ်လေး ပြောပြတယ်။ မြို့အသစ်, ရွာအသစ်, အိမ်အသစ်တည်ထောင်ပြီ၊ အဲဒီမှာနေတော့မယ်ဆိုရင် - နံပါတ် (၁) "သီလဝန္တေတ္ထ ဘောဇေတွာ သညတေ ဗြဟ္မစာရယော" (ဒီ၊၂၊ ၇...

❛ရည်စူးဒါန ပြုလုပ်ကြ❜

 ဘဒ္ဒန္တ ပညိန္ဒာဘိဝံသ ❪မစိုးရိမ်တိုက်သစ်❫ သံဝေဂဂါထာ (၃)ဂါထာ ရွတ်ဖတ်ပြီးတော့ သံဝေဂပွားများမယ်၊ ဘုရားရှင်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံစဉ်အခါတုန်းက သိကြားမင်းကြီးကိုယ်တိုင် ရွတ်ဆိုပြီးတော့ သံဝေဂပွားခဲ့တဲ့ဂါထာ၊ အဲဒီ (၃)ဂါထာကို သံဃာတော်အရှင်မြတ်များက ရွတ်ဆိုပြီးတော့ သံဝေဂပွားပါ့မယ်၊ သံဝေဂဂါထာ (၃)ဂါထာ ပွားတော်မူကြပါဘုရား။   အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။  ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။   ဒုက္ခာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။  ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။   အနတ္တာ ဝတ သင်္ခါရာ၊ ဥပ္ပါဒဝယဓမ္မိနော။  ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။   သာဓု သာဓု သာဓု   ကျောက်ဆည်မြို့၊ စုကြီးရပ်နေ ဦးအောင်ချစ် + ဒေါ်ဝင်းမြင့်တို့၏ သားသမက်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်နေ ဒေါက်တာ ဦးထွန်းလင်း + ဒေါ်အမာချစ်တို့၏ တစ်ဦးတည်းသော သား၊ မောင်စောသီဟစံ (ခေါ်) ချစ်စုစံ၏ မွေးသဖခင် ကျေးဇူးရှင်၊ ဒေါ်ခိုင်ခိုင်မော်၏ ချစ်လှစွာသော ခင်ပွန်း ဦးလမင်းထွန်း (ဒေါ်ဝင်းမြင့် ဆန်စက် ရောင်းဝယ်ရေး) ယနေ့ ဘဝတစ်ပါးသိ...